Sunday, September 11, 2016

Material Design (2)

AIDE ပေါ်မှာ Material design app တွေဖန်တီးဖို့ Library ၆ မျိုး လိုအပ်ပါတယ်။ အဲဒါတွေကတော့

၁။ android support v4
၂။ android support v7 (appcompat)
၃။ android annotations
၎။ cardview v7
၅။ recyclerview v7
၆။ android support design

ဖြစ်ပါတယ်။

AIDE ကို သုံးရာမှာ Gradle ကို သုံးသွားပါမယ်။ အထက်က ပြောခဲ့တဲ့ Library တွေကို AIDE မှာ add လုပ်ပေးဖို့ နည်းလမ်း ၂မျိုး ရှိပါတယ်။

အခု post မှာတော့ ပထမ နည်းလမ်းကို ပြောပြပါမယ်။ (ဒီနည်းလမ်းနဲ့ အဆင်မပြေရင်၊ AIDE ကနေ လိုအပ်တဲ့ library တွေကို download ချဖို့ အဆင်မပြေရင် ဒုတိယ နည်းလမ်းကို သုံးပါ။)

အရင်ဆုံး AIDE ကနေ Gradle project တခုကို ဖန်တီးပါ။ အခု Tutorial မှာတော့ MaterialTutorial လို့ အမည်ပေးထားပါတယ်။ Package name ကို nnl.aide.lessons လို့ ပေးထားပါတယ်။

(ပုံ)











Gradle project ဖွဲ့စည်းပုံတွေကို ပုံမှာ လေ့လာကြည့်ပါ။

(ပုံ)








လိုအပ်တဲ့ Library တွေကို ထည့်သွင်းဖို့အတွက် AppProjects/MaterialTutorial/app/ folder တွေထဲကို အဆင့်ဆင့် ၀င်သွားလိုက်ပါ။ ပုံထဲကအတိုင်း တွေ့ပါမယ်။

(ပုံ)




ထိပ်ဆုံးနားက "Add to Project..." ဆိုတာကို နှိပ်လိုက်ပါ။

(ပုံ)







ဒါဆိုရင် ထည့်သွင်းနိုင်တဲ့ Libraries တွေရဲ့ List ပေါ်လာပါမယ်။ အဲဒီထဲကနေ အပေါ်မှာတုန်းက ပြောခဲ့တဲ့ Library ၆မျိုးကို တခုချင်း ရွေးချယ်ပြီး Add ပေးသွားပါ။ ကိုယ့်ရဲ့ AIDE ထဲမှာ အဲဒီ Library တွေ မရှိသေးရင် Download ချမှာမို့ Internet ဖွင့်ပေးထားဖို့ လိုပါမယ်။ လိုင်းလဲ ကောင်းဖို့ လိုတယ်။ Download data size လဲ များပါတယ်။ ဒီအဆင့်မှာ အခက်အခဲ ရှိရင်တော့ ဒုတိယ နည်းကို ပြောင်းသုံးပါ။

(ပုံ)






















Libraries တွေ Add ပြီး ရင် Project properties ကို ပုံထဲကလို စစ်ကြည့်ပါ။

(ပုံ)








build.gradle ကို နှိပ်ကြည့်ရင်လဲ dependencies တွေကို အလိုအလျောက် ထည့်ပေးထားတာကို တွေ့ရပါမယ်။

(ပုံ)








ဒီအဆင့်ထိ အားလုံးအဆင်ပြေသွားပြီ ဆိုရင်တော့ Libraries တွေကို အောင်မြင်စွာ Add လုပ်ပြီးသွားပါပြီ။ Run ကြည့်လိုက်ပါ။ Hello world Activity လေး တက်လာပြီဆိုရင် Material design application စတင် ဖန်တီးဖို့ အသင့် ဖြစ်သွားပါပြီ။

(ပုံ)




============

အတိအကျ လိုက်လုပ်ကြည့်ပါ။ အခက်အခဲရှိရင် ပြောပါ။

ဒုတိယ နည်းလမ်းကို ဆက်ပြီး ပြောပြပေးပါမယ်။

Saturday, September 10, 2016

Material Design (1)

Meterial design ဆိုတာကတော့ Android application တွေ၊ Web page တွေ ဖန်တီးတဲ့ အခါမှာ အသုံးပြုတဲ့ ဒီဇိုင်း ပုံစံ ဖြစ်ပါတယ်။ ဒီ design ကို သုံးတဲ့ အခါမှာ လိုက်နာသင့်တဲ့ အချက်တွေကို Google က လမ်းညွှန်ချက် Guideline တွေ ချမှတ်ပေးထားပါတယ်။ အောက်က Link မှာ နမူနာ ကြည့်နိုင်ပါတယ်။

https://material.google.com/

https://developer.android.com/training/material/theme.html#fig3

သဘောတရား အကျဉ်းချုပ်
==================

၁။ အသုံးပြုတဲ့ View တွေ၊  component တွေဟာ 3D ဖြစ်ရမယ်။ အောက်ခံပေါ်မှာ အရိပ်ကလေး ကျနေရမယ်။

၂။ အစိုင်အခဲပုံစံ solid ဖြစ်ရမယ်။ တခုနဲ့ တခု ထိုးဖောက် မသွားရဘူး။

၃။ ဖော်နိုင်၊ ဖျောက်နိုင်ရမယ်။

၎။ ဘယ်ညာ ထက်အောက် ရွေးလျားမှုကို ပြုလုပ်နိုင်ရမယ်။

၅။ အရွယ်အစား ကြီးလာတာ၊ သေးသွားတာမျိုး လုပ်နိုင်ရမယ်။

Google က ဒီ component တွေရဲ့ အရောင်တွေက ဘယ်လိုအရောင်တွေ ဖြစ်သင့်တယ်၊ icon တွေရဲ့ အရွယ်အစားက ဘယ်လို ဖြစ်သင့်တယ်၊ margin တွေက ဘယ်လောက် ဖြစ်သင့်တယ်၊ တခုနဲ့ တခု အကွာအဝေး ဘယ်လောက် ဖြစ်သင့်တယ်၊ အပေါ်ကို ကြွနေတဲ့ အရိပ် အနေအထားက ဘယ်လို ဖြစ်သင့်တယ်၊ Application ရဲ့ theme တွေက ဘယ်လို ဖြစ်သင့်တယ်၊ စာလုံးတွေရဲ့ အရွယ်အစားနဲ့ အရောင်တွေက ဘယ်လို ဖြစ်သင့်တယ်၊ animation တွေက ဘယ်လို ပုံစံ ဖြစ်သင့်တယ်  စသည်ဖြင့် အသေးစိတ် လမ်းညွှန်ချက်တွေကို ဖော်ပြပေးထားပါတယ်။

Android programmer က ဒီအချက်တွေကို အတိအကျ လိုက်နာပြီး ဒီဇိုင်း ရေးဆွဲသွားမယ် ဆိုရင် လှပပြီး ဆွဲဆောင်မှု  ရှိတဲ့ application တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ဒီဇိုင်း သတ်မှတ်ချက်တွေကို Android 5.0 (Lollipop) မှာ စတင် ထည့်သွင်းပေးခဲ့ပါတယ်။ Programmer က Layout တွေ၊ View တွေ၊ Animation တွေ ထည့်သွင်းလိုက်တဲ့အခါ Android SDK က ဒီသတ်မှတ်ချက်တွေ အတိုင်း Material design နဲ့ အလိုအလျောက် ပုံဖော် ပေးသွားပါတယ်။

Android 5.0 မတိုင်မီ SDK ကို အသုံးပြုသူတွေအတွက် Material design ကို ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် Backward compatible ဖြစ်နိုင်ဖို့အတွက်လဲ android.support.design ဆိုတဲ့ Library ကိုဖန်တီး ဖြန့်ဝေပေးခဲ့ပါတယ်။

အခု Tutorial series ကတော့ Android 5.0  ထက် နိမ့်တဲ့ android devive အသုံးပြုနေသူတွေ အတွက်ပါ Matetial design ပုံစံ ပေါ်စေဖို့အတွက် android.support.design library ကိုသုံးပြီး AIDE ပေါ်မှာ ရေးသားဖန်တီးနည်းတွေကို ပြပေးသွားမှာ ဖြစ်ပါတယ်။

Material design ရဲ့ သိသာလွယ်တဲ့ ပုံစံများ
==========

1. Activity ထိပ်က Toolbar
2. Toolbar ဘယ်ဘက်စွန်း က Home button
3. ထူးခြားတဲ့ Theme အရောင်တွေ
4. Text တွေရဲ့ အရွယ်အစား နဲ့ အရောင်
5. Navigation drawer
6. Ripple button
7. ထူးခြားတဲ့ CheckBox
8. Floating Action Button
9. Swipe refresh
10. SnackBar
11. ထူးခြားတဲ့ Progress bar/circle
12. ထူးခြားတဲ့ Dialog box ပုံစံ
13. RecyclerView
14. CardView
15. Switches

အများကြီးရှိပါသေးတယ်။