Meterial design ဆိုတာကတော့ Android application တွေ၊ Web page တွေ ဖန်တီးတဲ့ အခါမှာ အသုံးပြုတဲ့ ဒီဇိုင်း ပုံစံ ဖြစ်ပါတယ်။ ဒီ design ကို သုံးတဲ့ အခါမှာ လိုက်နာသင့်တဲ့ အချက်တွေကို Google က လမ်းညွှန်ချက် Guideline တွေ ချမှတ်ပေးထားပါတယ်။ အောက်က Link မှာ နမူနာ ကြည့်နိုင်ပါတယ်။
https://material.google.com/
https://developer.android.com/training/material/theme.html#fig3
သဘောတရား အကျဉ်းချုပ်
==================
၁။ အသုံးပြုတဲ့ View တွေ၊ component တွေဟာ 3D ဖြစ်ရမယ်။ အောက်ခံပေါ်မှာ အရိပ်ကလေး ကျနေရမယ်။
၂။ အစိုင်အခဲပုံစံ solid ဖြစ်ရမယ်။ တခုနဲ့ တခု ထိုးဖောက် မသွားရဘူး။
၃။ ဖော်နိုင်၊ ဖျောက်နိုင်ရမယ်။
၎။ ဘယ်ညာ ထက်အောက် ရွေးလျားမှုကို ပြုလုပ်နိုင်ရမယ်။
၅။ အရွယ်အစား ကြီးလာတာ၊ သေးသွားတာမျိုး လုပ်နိုင်ရမယ်။
Google က ဒီ component တွေရဲ့ အရောင်တွေက ဘယ်လိုအရောင်တွေ ဖြစ်သင့်တယ်၊ icon တွေရဲ့ အရွယ်အစားက ဘယ်လို ဖြစ်သင့်တယ်၊ margin တွေက ဘယ်လောက် ဖြစ်သင့်တယ်၊ တခုနဲ့ တခု အကွာအဝေး ဘယ်လောက် ဖြစ်သင့်တယ်၊ အပေါ်ကို ကြွနေတဲ့ အရိပ် အနေအထားက ဘယ်လို ဖြစ်သင့်တယ်၊ Application ရဲ့ theme တွေက ဘယ်လို ဖြစ်သင့်တယ်၊ စာလုံးတွေရဲ့ အရွယ်အစားနဲ့ အရောင်တွေက ဘယ်လို ဖြစ်သင့်တယ်၊ animation တွေက ဘယ်လို ပုံစံ ဖြစ်သင့်တယ် စသည်ဖြင့် အသေးစိတ် လမ်းညွှန်ချက်တွေကို ဖော်ပြပေးထားပါတယ်။
Android programmer က ဒီအချက်တွေကို အတိအကျ လိုက်နာပြီး ဒီဇိုင်း ရေးဆွဲသွားမယ် ဆိုရင် လှပပြီး ဆွဲဆောင်မှု ရှိတဲ့ application တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီလို ဒီဇိုင်း သတ်မှတ်ချက်တွေကို Android 5.0 (Lollipop) မှာ စတင် ထည့်သွင်းပေးခဲ့ပါတယ်။ Programmer က Layout တွေ၊ View တွေ၊ Animation တွေ ထည့်သွင်းလိုက်တဲ့အခါ Android SDK က ဒီသတ်မှတ်ချက်တွေ အတိုင်း Material design နဲ့ အလိုအလျောက် ပုံဖော် ပေးသွားပါတယ်။
Android 5.0 မတိုင်မီ SDK ကို အသုံးပြုသူတွေအတွက် Material design ကို ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် Backward compatible ဖြစ်နိုင်ဖို့အတွက်လဲ android.support.design ဆိုတဲ့ Library ကိုဖန်တီး ဖြန့်ဝေပေးခဲ့ပါတယ်။
အခု Tutorial series ကတော့ Android 5.0 ထက် နိမ့်တဲ့ android devive အသုံးပြုနေသူတွေ အတွက်ပါ Matetial design ပုံစံ ပေါ်စေဖို့အတွက် android.support.design library ကိုသုံးပြီး AIDE ပေါ်မှာ ရေးသားဖန်တီးနည်းတွေကို ပြပေးသွားမှာ ဖြစ်ပါတယ်။
Material design ရဲ့ သိသာလွယ်တဲ့ ပုံစံများ
==========
1. Activity ထိပ်က Toolbar
2. Toolbar ဘယ်ဘက်စွန်း က Home button
3. ထူးခြားတဲ့ Theme အရောင်တွေ
4. Text တွေရဲ့ အရွယ်အစား နဲ့ အရောင်
5. Navigation drawer
6. Ripple button
7. ထူးခြားတဲ့ CheckBox
8. Floating Action Button
9. Swipe refresh
10. SnackBar
11. ထူးခြားတဲ့ Progress bar/circle
12. ထူးခြားတဲ့ Dialog box ပုံစံ
13. RecyclerView
14. CardView
15. Switches
အများကြီးရှိပါသေးတယ်။

No comments:
Post a Comment